ဆေးဝါးနှင့် ဆေးပစ္စည်းများဆိုင်ရာများအားရှင်းလင်းဟောပြောပွဲ

(၂၂-၉-၂၀၁၈)ရက်နေ့ စနေနေ့ နေ့လည် ၁နာရီတွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းတို့မှပူးပေါင်း၍ ဆေးဝါးနှင့် ဆေးပစ္စည်းများဆိုင်ရာများအားရှင်းလင်းဟောပြောပွဲအား UMFCCI ရုံးချုပ် မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ညွှန်ကြားရေးမှုးချုပ်ပါမောက္ခ ဒေါက်တာခင်ဇော်၊ညွှန်ကြားရေးမှုး(ဆေးဝါး)၊ ဆေးပစ္စည်းဌာနခွဲမှ တာဝန်ရှိသူများနှင့်ဆေးဝါးနှင့် ဆေးပစ္စည်းတင်သွင်းသူများ၊ လုပ်ငန်းရှင်များ နှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး ဆေးဝါးနှင့်ဆေးပစ္စည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအားရှင်းလင်းခြင်း၊ လုပ်ငန်းမြန်ဆန်စေရန်အတွက် ဆွေးနွေးခြင်း၊ ဖိတ်ကြားထားသူများမှအကြံပြုမေးမြန်းချက်များအား ပြန်လည်ဖြေကြားခြင်း ညှိုနှိုင်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပါသည်။

 

Leave a Reply