နေပြည်တော် ၊ Grand Amara Hotel တွင် (၇-၈-၂၀၁၈) နေ့၌ အစားအသောက်ဘေးအန္တရာယ်ဖြစ်စေနိုင်ခြေအဆင့်ခွဲခြားခြင်း အလုပ်ရုံဆွေးနွေးပွဲ (Workshop on Risk Categorization)ကို ကျင်းပ

နေပြည်တော် ၊ Grand Amara Hotel တွင် (၇-၈-၂၀၁၈) နေ့၌ အစားအသောက်ဘေးအန္တရာယ်ဖြစ်စေနိုင်ခြေအဆင့်ခွဲခြားခြင်း အလုပ်ရုံဆွေးနွေးပွဲ (Workshop on Risk Categorization)ကို ကျင်းပပြုလုပ်ခဲ့ပြီး Asian Development Bank မှကူညီပံ့ပိုးပေး၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍မိတ်ဖက် နှီးနွယ်အဖွဲ့အစည်းများဖြစ်ကြသော စိုက်ပျိုးရေးဦးစီးဌာန၊ငါးလုပ်ငန်းဦးစီးဌာန ၊စားသုံးသူရေးရာ ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံစားသောက်ကုန်ထုပ်လုပ် တင်ပို့ရောင်းချသူများအ သင်း ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၊ရန်ကုန် ၊ မန္တလေးမှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း(၄၄)ဦးတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော် မှ အဖွင့် အမှာစကားပြောကြားရာတွင် အစားအသောက်ဘေး အန္တရာယ်ဖြစ်စေနိုင်ခြေအဆင့်ခွဲခြားခြင်းသည် မိတ်ဖက်နှီးနွယ် အဖွဲ့အစည်းများ အားလုံးနှင့်ပူးပေါင်း၍ အဖြေရှာရမည့်ကိစ္စဖြစ်ပါကြောင်း ၊High Risk များကို တိကျသော သတ်မှတ်ချက်များနှင့်သတ်မှတ်ပြီးကျန်ရှိသည့် ဘေးအန္တရာယ်ဖြစ်စေနိုင်သောအဆင့် (Risk) များကိုလည်း အဆင့်အလိုက်သတ်မှတ်ခြင်းအားဖြင့် ဌာန၏ မလိုအပ်သောဝန်ပိုများကိုလျှော့ချနိုင်မည်ဖြစ်ပြီး လုပ်ငန်းလုပ်ဆောင်ရာတွင်လည်း ပိုမိုအဆင်ပြေချောမွေ့မည် ဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ဘေးအန္တရာယ်ဖြစ်နိုင်ခြေအဆင့်များကို အတက်နိုင်ဆုံး သတ်မှတ်ပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးစေလို ကြောင်းပြောကြားခဲ့ပြီး ဒုတိယညွှန်ကြား ရေးမှူးချုပ်ဒေါက်တာခင်ချစ် မှ (၂၀၁၇)ခုနှစ်အတွင်း နေပြည်တော်၊ ရန်ကုန် ၊မန္တလေး၊အခြားတိုင်း နှင့်ပြည်နယ်များမှ အစားအသောက်များ၏ ဓာတ်ခွဲအဖြေများရလဒ်များအား ရှင်းလင်းတင်ပြပါသည်။ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစပယ်ထက်ထက်ထူး (အစားအသောက်ဌာနခွဲ၊တာဝန်ခံ)မှ အစားအသောက်ဘေးအန္တရာယ်ဖြစ်ပေါ်‌နိုင်ခြေအဆင့် ခွဲခြားခြင်း နှင့်ပတ်သက်၍ အခြေခံအချက်အလက်များကိုတင်ပြဆွေးနွေးခဲ့ပြီး
Mr. Cornelis Sonneveld (ADB RETA)မှမြန်မာပြည်အတွင်း ဒွိဟဖြစ်စေနိုင်သော ဘေး အန္တရာယ်ဖြစ်နိုင်ခြေ အဆင့်ခွဲခြားသတ်မှတ်ခြင်းများအကြောင်း ဆွေးနွေးတင်ပြပါသည်။ ထို့နောက် အုပ်စု ( ၃ ) စုဖွဲ့ကာ Group Discussion များပြုလုပ်ပြီးနောက်အုပ်စုအလိုက်တင်ပြဆွေးနွေးခဲ့ပါသည်။ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်ဒေါက်တာထင်လင်းမှ နိဂုံးချုပ်အနေဖြင့် ယခုလိုပူးပေါင်း ဆွေးနွေးပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဆွေးနွေးချက်များကို ကြည့်ခြင်းအားဖြင့် ဓာတုဘေးအန္တရာယ်၊ အဏုဇီဝဘေးအန္တရာယ်များကို အဓိကထား၍ ဆွေးနွေးသွားသည်ကိုတွေ့ရှိရပါကြောင်း၊ အခြားနိုင်ငံ များတွင် Genetically Modified အစားအသောက်များ ၊ ဓါတ်ရောင်ခြည်သင့် အစားအသောက် များကိုပါထိန်းချုပ်ကွပ်ကဲရန် စီစဉ်နေပါကြောင်း၊ မိမိတို့သည်လည်းရေရှည်တွင် ထိုကိစ္စများအ တွက်ပါ စဉ်းစားသင့်သည်ဟုထင်မြင်ပါကြောင်း ၊ ဒုတိယအနေဖြင့် အစားအသောက်များကို ကုန်ကြမ်း မှ ကုန်ချောသို့ ထုတ်လုပ်သည့်ဖြစ်စဉ်တွင် တချို့ဘေးအန္တရာယ်ဖြစ်နိုင်ခြေ(Risk)များသည် လျှော့နည်းသွားပြီး ၊ တချို့မှာ ပိုမိုများပြားလာနိုင်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ သုတေသနစာတမ်းများပြုလုပ်ခြင်း ၊ လေ့လာခြင်းတို့ပြုလုပ်သင့်ပါကြောင်း၊ တတိယအနေဖြင့် ယနေ့ဆွေးနွေး ချက်များတွင် တစ်ချို့သောအစားအသောက်အမျိုးအစားများကို အတုပြုလုပ်ရလွယ်ကူခြင်း ၊အခြားသော သဏ္ဍာန်တူအစားအစာများ၊ပစ္စည်းများ ရောနှောခြင်းတို့ကြောင့် ဘေးအန္တရာယ် ဖြစ်နိုင်ခြေ မြင့်မားခြင်း(High Risk) ထဲထည့်သွင်းထားကြသည်ကို တွေ့ရှိပါကြောင်း၊ ထိုကဲ့သို့ မသမာမှုပြုလုပ်ခြင်းများအတွက် အစားအသောက်ဥပဒေ အသစ်ထွက်ပေါ်လာပါက အရေးယူထိန်းချုပ်နိုင်မည်ဖြစ်သည့်အတွက် အဆင့်ခွဲခြားခြင်းကိစ္စတွင် ထည့်သွင်းမစဉ်းစားစေလိုကြောင်း၊ အစည်းအဝေးကို ပူးပေါင်း ဆွေးနွေးပေးသောကြောင့် ကျေးဇူးတင်ပါကြောင်း၊ ယခုလို အလုပ်ရုံဆွေးနွေးပွဲများကို ထပ်မံပြုလုပ်ဖြစ်ပါကလည်း ယခုကဲ့သို့ပင်ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ခဲ့ပါသည်။

Sharing is caring!

Leave a Reply