Dietary Supplements / Food Supplements သွင်းကုန်လိုင်စင်လျှောက်ထားရန် ထောက်ခံချက်များအတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ

၁။ သွင်းကုန်လိုင်စင်လျှောက်ထားရန်အတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် (Import Recommendation) သည် သွင်းကုန်လိုင်စင်  (Import Licence) လျှောက်ထားနိုင်ရန်အတွက် ထုတ်ပေးခြင်းဖြစ်သည့်အတွက် Import Recommendation တွင် ဖော်ပြသော ရည်ညွှန်းစာအမှတ်သည် ထောက်ခံထားသောပစ္စည်း၏ မှတ်ပုံတင်အမှတ်မဟုတ် သဖြင့် ထင်ယောင်ထင်မှားဖြစ်စေရန် ဖော်ပြခြင်းမပြုရ။

၂။  Import Recommendation ထုတ်ပေးခြင်းသည် ရည်ညွှန်းကုန်ပစ္စည်း၏ ဘေးအန္တရာယ် ကင်းရှင်းမှုနှင့် အာနိသင်ထိရောက်မှုကို အလုံးစုံ အာမခံပေးခြင်းမဟုတ်သဖြင့် ယင်းသို့ ထင်မှတ် စေသော ရေးသားချက်၊ ဖော်ပြချက်များ မပြုလုပ်ရ။

၃။ Import Recommendation အား  အကြောင်းပြု၍ တင်သွင်းလာသော Dietary Supplements/ Food Supplements များသည် ကျန်းမာရေးအထောက်အကူပြု အစားအသောက်များသာ ဖြစ်သည့်အတွက် ‌ေရာဂါအခြေအနေတစ်စုံတစ်ရာကို ကုသ/ ပျောက်ကင်း/ သက်သာစေနိုင်သည် ဟု ညွှန်းဆိုဖော်ပြ ကြော်ငြာရောင်းချခြင်းမပြုရ။

၄။ Dietary Supplements / Food Supplements များ ရောင်းချရာတွင် အသုံးပြုမည့်ကြော်ငြာ (လက်ကမ်းစာစောင်၊ လူမှုကွန်ရက်အမျိုးမျိုးအပါအဝင်)များကို အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ စိစစ်ခွင့်ပြုချက်တင်ပြရယူရန်နှင့် ခွင့်ပြုထားသည့်ကြော်ငြာကိုသာ အသုံးပြုရန်။

၅။ Dietary Supplements / Food Supplements များ တင်သွင်းရာတွင် သွင်းကုန်လိုင်စင် ထောက်ခံချက် (Import Recommendation)နှင့် သွင်းကုန်ကျန်းမာရေးထောက်ခံချက် (Import Health Certificate) မဖြစ်မနေလျှောက်ထားရမည်။

အထက်ဖော်ပြပါစည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူမည်ဖြစ် ကြောင်း အသိပေးကြေညာအပ်ပါသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

Leave a Reply